အုတ်ဖို ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအသီးသီးတွင် ဇူလိုင်လ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ထက်လယ်မှုကျောင်းပေါင်း (၁၇၈) ကျောင်းမှ ကျောင်းသားကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲ၌ မူလတန်းအဆင့်တွင် တို့များမမေ့နိုင် ၁၉ ဇူလိုင်၊ အလယ်တန်းအဆင့်တွင် မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ၊ အထက်တန်းအဆင့်တွင် လေးမြတ်ဂုဏ်ရည်အာဇာနည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ၌ အလယ်တန်းအဆင့်တွင် အာဇာနည်မြတ်မမေ့အပ်၊ အထက်တန်းအဆင့်တွင် သမိုင်းမော်ကွန်းတည်ကိုးဦးအာဇာနည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်ခေါင်းစဉ်တို့ဖြင့် ယှဉ်ပြိုင်စေခဲ့ကြောင်းသိရသည်။
အောင်သူ (ပြန်/ ဆက်)