မိုင်းဖြတ်မြို့နယ်၌  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်​မြောက်အာဇာနည်နေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများကို (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိရှိရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီခွဲက ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မုံးကိုးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်စာအုပ်စာစောင်ပြပွဲနှင့်‌ ဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ (၁၉)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာ နည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်အခမ်းအနားအား ယမန်နေ့ နေ့လည် (၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်၌  အသက် ၅နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး  (Booster Dose) ဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်နှင့် အထက်ရှိ  ကျောင်းသား၊ ကျောင်းသူလေးများအား

ကျောက်ဆည်မြို့နယ်တွင် ငရုပ်သီးဈေးကောင်းမွန်သောကြောင့် ငရုပ်စိုက်တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငရုပ်(၁၈၀၀)ဧက စိုက်ပျိုးထားကြောင်းနှင့် ငရုပ်သီးဈေးကောင်းမွန်သောကြောင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်နှင့်​ခေါင်း​ဆောင်​ဟော​ပြောခြင်းနှင့် အားကစားသရုပ်ပြခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က (ဆင်တဲ) ကျောင်း၌ လူငယ်နှင့်​ခေါင်း​ဆောင်​ဟော​ပြောခြင်းနှင့်အားကစားသရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မက်မန်းမြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့် မြို့နယ်အမျိုးးသမီး ရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့၊ နံနက် ၁၀ နာရီအချိန်က မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to