ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီဆွဲပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာထက်၊ လယ်၊ မူကျောင်း (၅)ကျောင်း တွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့၌ ရိုးရာခြင်းလုံးခတ် အားကစားပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ရိုးရာခြင်းလုံးခတ်အားကစားနည်းကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ရိုးရာခြင်းပညာအမွေကို ယနေ့ခတ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ကျင်းပသည့် စလင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းလုံးခတ်အားကစားပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စလင်းမြို့နယ် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား အာဟာရ ပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသော အဘိုးအဘွားများကို ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓါတ်ပုံနှင့် ဆောင်းပါးများ ပြသသွားမည်

(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓါတ်ပုံနှင့်ဆောင်းပါးများ ပြသနိုင်ရန် ဘုတ်ချပ်များပြုလုပ်နေခြင်းကို ယမန်နေ့က စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အခြေခံပညာကျောင်းများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ မဟာမြတ်မုနိဘုရား၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မဟာမြတ်မုနိဘုရား၌ အသံမစဲ မဟာမဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ ၊မဟာမြတ်မုနိ ဘုရားရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်သည် အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရာရှိကြီးများ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မြို့သစ်မြို့ ကြက်သွန်နီစျေးကွက် တစ်ပိဿာ(၂၅၀၀)ကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီများအသစ်ပေါ်ချိန် ဈေးအတက်အကျမရှိ(၂၅၀၀)ကျပ်ဝန်းကျင်ဖြင့် အတက်အကျမရှိ ရပ်တန့်နေကြောင်း သိရသည်။
Subscribe to