ခိုလမ်မြို့ရုံး၊ (Community Centre)ခန်းမ၌ “နိုင်ငံ့ဝန်ထမ်းဥပဒေ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံးတွင်"နိုင်ငံ့ဝန်ထမ်း ဥပဒေ"စာအုပ် ဖြင့် ယနေ့နံနက်(၁၀:၃၀)အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ တွင် အသက်(၈၅)နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနံနက်ပိုင်းတွင် မြို့အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၂)ဦးတို့အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန်လုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က အ.ထ.က ပန်လုံကျောင်းရှိ ရွှေသံလွင်ခန်းမ၌ ကျင်ပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပိန်းတန်းရပ်၊ ပိန်းတန်းအခြေခံပညာမူလတန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောခြင်း​၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပြီး စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို  ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိ အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့ကျောင်းသားလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များအနေဖြင့် ပြည့်စုံစေရန် စာရိတ္တ၊ လေ့လာနိုင်သည့် စာပေဗဟုသုတများ ရရှိစေရန်  ရည်ရွယ် ချက်​များဖြင့် ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နေ့လယ် (၁၄း၀၀)နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် မြန်မာနိုင်ငံ ပန်းချီ၊ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောခြင်းနှင့်လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အသိပညာ ပေးဟောပြောခြင်းနှင့်လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to