(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မန္တလေး ဇူလိုင် ၁၇

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာ မူလွန်ကျောင်း အမှတ် (၂၀) တို့ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြင့်မြင့်သန်းက အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ အမကမူလွန် (၂၀) Grade-5 ကျောင်းသား၊ ကျောင်းသူ လေးများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား/ကျောင်းသူကလေးများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဒေါ်မြင့်မြင့်သန်း