မန့်ဟီးရိုးမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ကျောင်းသား/သူလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မန့်ဟီးရိုး ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် ကျောင်းသား/သူများအတွက် အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းများနှင့် ပြပွဲပြိုင်ပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀)အချိန်က မူလတန်းကျောင်းသား/သူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ရာတွင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မာမာအောင်က ဦးစီးကျင်းပဆောင်ရွက်ခဲ့ပြီး မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူလေးများ စိတ်ကူးစိတ်သန်းဥာဏ်ရည်ထက်မြက်စေရေး၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတိုးတက်စေရေး၊ အရာရာထိုးထွင်းကြံဆနိုင်ရေးနှင့် ကာယ၊ ဉာဏဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲအား မူလတန်းအဆင့်ကျောင်းသား/သူ(၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့သော ကျောင်းသား/သူလေးများအား မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မာမာအောင်က စာရေးကိရိယာများနှင့် စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)