ဇမ္ဗူသီရိမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄၀) မူလွန် (လက်ပံခါးလှ)ကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းရယ်၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစပ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်စံချိန်စံညွှန်းမမီသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကြပ်မတ်စစ်ဆေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စံချိန်စံညွှန်းမမီသော လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သန်လျင်မြို့နယ် ဖူဆယ်အားကစားရုံဖွင့်ပွဲနှင့်ပြိုင်ပွဲ စတင်ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် သီဟဒီပ ဖူဆယ်အားကစားရုံဖွင့်ပွဲနှင့် ပြိုင်ပွဲစတင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် သန်လျင်မြို့ရှိ သီဟဒီပဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။

တာမိုးညဲမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် ယာဉ်မတော်တဆဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းမီဒီယာဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာတွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူ(၃၃၉)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စုကလိမြို့တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့်ကလေးငယ်များအား ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၉)နာရီက(အ.မ.က) မင်းတန်းကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to