မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

မိုင်းငေါ့ ဇူလိုင် ၁၇

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကြရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ရုံးခန်းတွင် ပြသဆောင် ရွက်ခဲ့သည်။

အဆိုပါ နံရံကက်စာစောင်တွင် လမ်းခုလတ်တွင် ကျဆုံးခဲ့ရှာပြီ (ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန်ကဗျာနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များစသည့် အကြောင်းအရာများ ပါရှိပြီး ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်သွယ်  (မိုင်းငေါ့ ပြန်/ဆက်)