မိတ္ထီလာ ဇူလိုင် ၁၇
မိတ္ထီလာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေး ကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးနှင့် အထက (၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို နဂါးရုံမဟာဗောဓိ စေတီတော်ရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း မအနီးတွင် ပြုလုပ်ရာ လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးထက်ဇော်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးသည်။ ဆက်လက်၍ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသော မြို့များဖြစ်ပေါ် လာစေရေး အသိပညာပေးဟောပြောပွဲကို အထက (၁) ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့စိုးက စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး အထက (၁) ကျောင်းအုပ် ဦးမြသိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ အသိ ပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့သည်။ ၎င်းအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအမျိုးသမီးငယ်များအဖွဲ့က စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချမ်းသာ