ကျိုင်းလပ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသ

ကျိုင်းလပ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိုးရာသီ၌ ဖြစ်တတ်သော သွေးလွန်တုပ်ကွေး‌ရောဂါ လက္ခဏာအကြောင်းများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ဖွယ် အချက်များ၊‌ သွေးလွန်တုပ်ကွေး၏ အန္တရာယ်လက္ခာများ‌ကြောင့် ဖြစ်တတ်သော လက္ခဏာများ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ အနီစက်‌ပေါ်ခြင်း၊ သွေးလန့်ခြင်း၊‌ အော့အန်ခြင်း၊ ၀မ်းဗိုက်နာခြင်း၊ ၀မ်းပျက်ခြင်း‌ အစရှိသည့်ရောဂါလက္ခဏာ အ‌ကြောင်းအရာများကို ပြသထားကြောင်း သိရသည်။

ထို့နောက် ပြသထားသောအသိပညာ‌ပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် လမ်းသွားလမ်းလာ ပြည်သူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မေဇင်ဦး ပြန်/ဆက်