မိုးနဲ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းက ကြီးကြပ်၍ ကျောင်းသား/သူများ နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ထူး နေ့မြတ်များကို သတိတရရှိစေရန်၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်တွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “မမေ့အစဉ်အလာ အာဇာနည်နေ့ ချိန်ခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲ အထက်တန်းအဆင့်တွင် “အာဇာနည်နှင့်အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား/သူ စုစုပေါင်း (၄၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)