ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသတိပေးချက် လိုက်လံနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ခန္တီးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ချင်းတွင်း မြစ်ရေကြီးချင်းသတိ‌ပေး ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။

သရက်မြို့၌ ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် လျော့နည် သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးကာလအတွင်း မိုးစပါးဧက သုံးသောင်းကျော် စိုက်ပျိုးရန် လျာထား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ပျိူးရန် (၃၆၉၂၂) ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၃၄၆) ဒဿမ (၃၅) ကျပ်သန်း ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စီးပွားရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း (၃၄၆) ဒဿမ (၃၅) ကျပ်သန်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

အထက (သမိန်ထော)ကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ အ.ထ.က (သမိန်ထော) ကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသဆောက်ရွက်ခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ချက်များအား နားလည် သဘောပေါက် အတုယူအားကျစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဖျာပုံမြို့နယ် အထက (သမိန်ထော)ကျောင်း အနန္ဒဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း (VDP)နှင့် ရန်ပုံ‌ငွေသုံးစွဲနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း (VDP)နှင့်ရန်ပုံငွေသုံးစွဲနည်းသင်တန်းကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း ပြုလုပ်သည့် ရှမ်းအိုးစည်များ ရောင်းအားကောင်းနေပြီး ပြည်ပများမှလည်း မှာယူမှုများရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် ပြုလုပ်ရောင်းချသည့် ရှမ်းအိုးစည်များကို နယ်ဝေးများမှဝယ်ယူမှုများရှိသလို ပြည်ပနိုင်ငံများမှလည်း မှာယူမှုများ ရှိနေကြောင်း သိရသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲမည့်လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်များတွင် GIS နည်းပညာအသုံးပြု၍ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲမည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်း အမှား/အမှန် ခွဲခြားသုံးသပ်နိုင်စေရန်တို့ကိုရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သတင်း အမှား၊ အမှန်ခွဲခြား သုံးသပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
Subscribe to