ဒိုက်ဦးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့သည့် ၂၀၂၃-၂၀၂၄ ဏ္ဍာရေးနှစ်ပထမသုံးလပတ် အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွား (၈၀၉)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀ဝိ/-)နှုန်းဖြင့် (၂၄၂၇၀၀၀ဝိ/-)ကျပ် ထောက်ပံ့‌ေပးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက် ၁၀နာရီအချိန်က   အခြေခံ ပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် ကျင်းပခဲ့သည်။

မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက အသေးစားစက်မှု လက်မှုဦးစီးဌာနမှ သစ်တောရွာ ကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်သည့် (၇၆) နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်နေမှုနှင့် ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်များကို ခင်းကျင်း ပြသထားရှိမှုအား ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။

ကရင်ပြည်နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကကျသော စိုက်ပျိုးစွမ်းအားဆိုင်ရာလုပ်ငန်းများကို မြှင့်တင်၍ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မိန့်ခွန်းပြိုင်ပွဲကျင်းပ

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မိန့်ခွန်းပြိုင်ပွဲ  ယနေ့နေ့လယ် ၁၂ နာရီအချိန်က ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ပြည်သူများအား ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေးသည်။
Subscribe to