ခန္တီး ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ခန္တီးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ချင်းတွင်း မြစ်ရေကြီးချင်းသတိပေး ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။
ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယခုအခါချင်းတွင်းမြစ်ရေသည် ၎င်းမြို့၏ စိုးရိမ်ရေအမှတ်အနီး ရောက်ရှိနေပြီဖြစ်ပါသဖြင့် မြစ်ကမ်းဘေး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်နှင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်၊ ရွှေ့ပြောင်းရာတွင် အကူအညီ လိုအပ်ပါက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)