မအီမြို့၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ မအီမြို့၊ လက်ပံကျေးရွာရှိ အကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သံတွဲမြို့နယ်တွင် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီလုပ်ငန်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများ စားဝတ် နေရေးကို တစ်ဖက်တစ်လမ်းက သက်သာချောင်ချိမှုဖြစ်စေရန် ရည်ရွယ်၍ စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်နိုင်ရေး အတွက် ၁၀-၇-၂၀၂၃ ရက်နေ့မှ ၁၆-၇-၂၀၂၃ ရက်နေ့ထိ ရပ်ကွက်စျေးများတွင် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကတ်သလစ်အသင်းတော်ဝင်းအတွင်း နန်ဆန်ယန်ဒေသမှ ထပ်မံတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဒုတိယ အကြိမ် သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ အမှတ်(၂)ရပ်ကွက် RC ဘုရားကျောင်း၊ မိုင်းနား AG စခန်း၊ ဒဘတ်ယန်ကျေးရွာ၊ ကဇူး ကျေးရွာ နှင့် မိုင်းနား RC စခန်းတို့တွင် ခေတ္တတိမ်းရှောင်လာသည့် ဒေသခံပြည်သူများအား မိုင်းနား ကျေးရွာ၊ မိုင်းနား RC စခန်း၌ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ကျောက်မြောင်းမြို့တွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာသီကုံးပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာသီကုံးပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ကုန်လုပ်ငန်းများအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား ဘေးအန္တရာယ်ရှိသော အစားအသောက်များ ထုတ်လုပ်ရောင်းချခြင်းမရှိစေရေး၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဇူလိုင်(၁၆)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်လူမှုဖူလုံရေးရုံး၌ အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားဆောင်ရွက်

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ မြို့နယ်သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလ ခြင်ပေါက်ပွားမှုများ လျော့ကျစေရန်နှင့် အများပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များမှ မြို့နယ်အတွင်းရှိ လမ်းဘေးဝဲယာတစ်လျှောက်၌ နေ့စဉ်မြက်ဖြတ်ခြင်း၊ သစ်ပင်သစ်ကိုင်း များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်ရှိ အမှတ်(၇) အေခြခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာ များတွင် မျိုးစပါးများအချိန်မှီ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာ များတွင် မျိုးစပါးများအချိန်မှီ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် မောင်တော ဇူလိုင် ၁၈ မြို့နယ်
Subscribe to