လားရှိုးမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးကာလအတွင်း မိုးစပါးဧက သုံးသောင်းကျော် စိုက်ပျိုးရန် လျာထား

 

လားရှိုး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ပျိူးရန် (၃၆၉၂၂) ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးရာသီစိုက်ပျိုးကာလအတွင်းတွင် လားရှိူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးခြင်းကို လယ်စပါး၊ ယာစပါးနှင့် တောင်ယာစပါးကို (၃၆၉၂၂)ဧက စိုက်ပျိူးရန် လျာထားခြင်းဖြစ်ပြီး လယ်စပါးစိုက်ဧကမှာ (၂၀၄၃၃)ဧက  ၅၀၂ စပါး ၈၈၁ စပါး၊ SR-၄၅၆ စပါး၊ ဒီယူ ၈ စပါး၊ ဒီယူ ၁၂ စပါး၊ ဒီယူ ၁၆ စပါး၊ ဆင်းရွှေဝါနှင့် ကောက်ညှင်းစပါးမျိုးများဖြစ်ကြောင်း သိရသည်။

စပါးအထွက်နှုန်းမှာ တစ်ဧကတွင် စပါးတင်း ၁၁၀ ဝန်းကျင်ခန့်ထွက်ရှိပြီး အများဆုံးစိုက်ပျိူးသည့် စပါးမျိုးမှာ ၅၀၂ စပါးနှင့် ၈၈၁ စပါးမျိူးဖြစ်ကြောင်း သိရသည်။

ယာစပါးစိုက်ဧကမှာ (၅၂၀၈)ဧက စိုက်ပျိူးရန် လျာထားပြီး စိုက်ပျိူးသည့် စပါးမျိုးမှာ ၅၀၂ စပါး၊ ၈၈၁ စပါး၊ ဒီယူ ၁၆ ခေါက်ဟောက်စပါးနှင့် ခေါက်ဇီပန်စပါးများကို စိုက်ပျိူးကြသည်။

တောင်ယာစပါးစိုက်ဧကမှာ (၁၁၂၈၁)ဧက စိုက်ပျိူးရန်လျာထားပြီး စိုက်ပျိုးမည့် စပါးမျိုးမှာ ၈၈၁ စပါး၊ ၅၀၂ စပါး၊ဒီယူ ၁၆ စပါးSR ၄၅၆ နှင့် ခေါက်ဇီပန်စပါးမျိုးများကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ လယ်စပါးများစိုက်ပျိူးရန်အတွက် ပျိူးထောင်ထားခြင်း၊ မြေပြင်ထွန်ယက်ခြင်းများ ဆောင်ရွက်နေပြီး တောင်သူများအနေဖြင့် ယခင်က လယ်ယာစပါးစိုက်ပျိူးခြင်းအား ကျွဲနှင့် နွားများဖြင့်သာ ထွန်ယက်ကြသော်လည်း ယခုအခါ အများစုမှာ ထွန်စက်များကိုသာ အသုံးပြုလာ​​ကြောင်းနှင့် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှလည်း လျာထားချက်ပြည့်မီအောင် စိုက်ပျိူးရေးတောင်သူများအား နည်းပညာများနှင့် စိုက်ပျိူးရေးနှင့်ပတ်သက်ပြီး စိုက်နည်းစနစ်နှင့် လိုအပ်သည့်အကူအညီများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။

စိုင်းထွန်း(လားရှိုး)