သရက်မြို့၌ ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေ

သရက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် လျော့နည် သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် ဈေးကော်မတီဝင်များက ဈေးရောင်းဈေးဝယ် ပြည်သူများအားဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊စက္ကူအိတ်များ အခမဲ့ ဖြန့်ဝေကာ၊ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျော့ချရေး အသိပညာပေးခဲ့ကြောင်း သိရသည်။    

ဇော်ထက်(သရက်)