ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ပန်းချီနှင့်ကျပန်းစကားပြော ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီပြိုင်ပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

သိန္နီမြို့၌ သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့်ဈေးတန်းရပ်များတွင် ဆောင်ရွက်ခဲ့သည်။

တာလေမြို့၌ ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်သို့  နတ်စင်ချောင်းမှ ရေပို့ရန် Intake ရေစတင်ယူရာနေရာအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ရွေးချယ်သတ်မှတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဂါလံ(၃၀၀၀၀)ဆံ့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ရေစုကန်သို့ ရေပို့ရန် ဆောင်ရွက်မည့် နတ်စင်ချောင်းတွင် Intake ရေစတင်ယူရာနေရာအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု့ ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

သိန္နီမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသည့် ကျောင်းသား/  သူများကို ယနေ့နံနက် ၁၀ နာရီမှ စ၍ ထိုးနှံပေးလျက်ရှိသည်။

မလှိုင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနခွဲ နှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဉီဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာရှိ အဆောက်အဉီသစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာမူလတန်း ကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ ကြောင်း သိရသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to