ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၅၈ စင်တီမီ တာသာလို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၅၈ စင်တီမီတာလိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

မြောင်းမြမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို သတိတရရှိစေရန်နှင့် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

တုံတာမြို့၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် မိုင်းပျဥ်း​​မြို့လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော် တို့ပူးပေါင်း၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို

ရွှေဘိုခရိုင်ရုံး (Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲဟောပြောပွဲ၊ စာအုပ်စာ​စောင်နှင့်နံရံကပ်စာစောင်ပြပွဲများပြုလုပ်

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား/သူများအနေဖြင့် အာဇာနည်နေ့သမိုင်း​ကြောင်းများ၊ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီချိန်က စာစီစာကုံးပြိုင်ပွဲ ၊ဟောပြောပွဲစာအုပ်စာ​စောင်နှင့်နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်) ၏ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာ၊ မြစိမ်းရောင်ခန်းမ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ပလောက်မြို့တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ယနေ့ညနေ(၃) နာရီခွဲအချိန်ကမြို့ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ခမ်းမြို့ (Community Centre) ခန်းမအတွင်း၌ “သက်ကြီးရွယ်အိုဘဝမြှင့်တင်နိုင်ရေး အသိပညာပေး Talk Show ”ကျင်းပဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ (Community Centre) ခန်းမတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍  အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် (၈) နာရီ အချိန်က အဆိုပါ သရဖီဆောင်အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ လျာထားသတ်မှတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ပထမသုံးလပတ် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြို့စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့သော လမ်းခင်းခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးသွားခဲ့ပြီဖြစ်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to