အိမ်မဲ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက-၁ ကျောင်း ရွေညီလာခန်းမတွင် အဆိုပါ ကျောင်း၏ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးမောင်မောင်စိုး၊ အ.ထ.က - ၁ အိမ်မဲမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်လှိုင်တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆု ရရှိသူများအားဂုဏ်ပြုဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အ.ထ.က - ၁ ၊ ၂ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီးချင်း၊ ဇာတိမာန် သီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး အခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသား/သူ များ၊ ကျောင်းသား မိဘများတက်ရောရ်ခဲ့သည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)