မောင်တော ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၃၁)ဦးတို့မှ “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၃)ဦးတို့မှ “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ တွင် ကျောင်းသား/သူ (၂၁)ဦးတို့မှ “သမိုင်းမော်ကွန်းတည်ကိုးဦး အာဇာနည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၁)ဦးတို့မှ “အာဇာနည်မြတ်မမေ့အပ် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)