(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်းသိကောင်းစရာ ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ အာဇာနည်နေ့ဆိုင်ရာ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ဇူလိုင် (၁၇) ရက်နေ့ မွန်းလွဲ (၂) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကျင်းပ

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည်။

ကမာရွတ်မြို့နယ် မြို့မဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် (၉) နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြို့မဂုဏ်ကိုယ်ပိုင်အထက်တန်း​ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂ဝ) ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ် စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန် အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မစျေး အနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးသည်။

မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ် ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

ပဲခူးမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
Subscribe to