မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန့်နေက ထီးလှိုင်(အနောက်)ကျေးရွာတွင် ကျင်းပခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းရာတွင် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၌ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ သိန်း (၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာ ၆ ရွာအနက်မှ ထီးလှိုင်ကျေးရွာအုပ်စု ထီးလှိုင် (အနောက်)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ၎င်းစီမံကိန်းကို ကျေးရွာသူ ကျေးရွာသားများက တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် စီမံကိန်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။
ဆက်လက်၍ ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာနှင့် ရာသင်္ချာကျေးရွာအုပ်စု ရာသင်္ချာကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)