တနင်္သာရီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (ကိုဗစ်-၁၉)ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်နှင့် ဒုအကြိမ်(Booster Dose)ထိုးနှံပေး

တနင်္သာရီ ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်၊အမှတ်-၂စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၏လမ်းညွှန်မှုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ပညာရေးမှူးဦးခင်ဇော်တို့၏ ကြီးကြပ်မှုဖြင့် သားဖွားဆရာမ ဒေါ်ဝေနှင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းမှနေ့လယ်၂ နာရီအချိန်အထိ တနင်္သာရီမြို့နယ်အတွင်းရှိ (အ-လ-က-ရေဖြူ) (မူလွန်-ကတော့ကမ်း)နှင့် (အ-မ-က-မြေမအုံ) ကျောင်းများ၌ တရုတ်နိုင်ငံထုတ် Sinopharm (COVID-19)ရောဂါ ကာကွယ်ဆေးဖြင့်(ပထမ) အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယနေ့တွင် အသက်(၅)နှစ်ပြည့် KGအတန်း မှကျောင်းသား/သူ(၂၈)ဦး၊ အသက် (၅)နှစ်မှ(၁၂) နှစ်အကြားရှိကျောင်းသား/သူ(၆၀)ဦး၊ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြား ကျောင်းသား/သူများ(၂၄)ဦး၊  အသက်(၁၂)နှစ်မှ(၁၈) အကြား ကျောင်းသား/သူများအား ဒုတိယအကြိမ် (Booster Dose)အဖြစ်ထိုးပေးခဲ့ရာ ကျောင်းသား/သူ(၈၁)ဦး၊ စုစုပေါင်း(၁၉၃)ဦး အားထိုးနှံပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)