ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက်(သုတ/ရသ)ဓမ္မစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ငါန်းဇွန်   ဇူလိုင်  ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် ၂နာရီအချိန်က စစ်ကိုင်းတောင်ရိုးရွှေဟင်္သာတိုက်သစ် ကျောင်းတိုက်ကြီး၏ တတိယဦးစီးပဓာန မဟာနာယကဆရာတော် ဘဒ္ဒန္တဝိနာယက(ငါန်းဇွန်)ဆရာတော်၏ (သုတ/ရသ) ဓမ္မစာအုပ်များ၊ စာအုပ်စင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြေားကြားပြီးစစ်ကိုင်းတောင်ရိုးရွှေဟင်္သာတိုက်သစ် ကျောင်းတိုက်ကြီး၏ တတိယဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တ ဝိနာယက(ငါန်းဇွန်) ဆရာတော်၏ မိသားစုဝင်များကိုယ်စား ဦးအောင်ကျော်စိုးက ဆရာတော်၏ တစ်ဘဝတာ စုဆောင်းသိမ်းဆည်းထားသော (သုတ/ရသ)ဓမ္မစာအုပ်စာပေများ၊ စာအုပ်စင်များကို ဆရာတော် ၏ ညီအငယ်ဖြစ်သည့် ရန်ကင်းမြို့နယ် စစ်ကိုင်းရွှေဟင်္သာစံကျောင်းမှ ဦးစီးပဓာန မဟာနာယက ဆရာတော် ဘဒ္ဒန္တဉက္ကံသ(သာသနဓဇဓမ္မာစရိယ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ငါန်းဇွန် မြို့နယ်ပြန်/ဆက်ရုံး၊ ပြည်သူ့ စာကြည့်တိုက်သို့ စိတ်အားထက်သန်စွာ လှူဒါန်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဘဒ္ဒန္တ ဝိနာယက(ငါန်းဇွန်)ဆရာတော်၏ မိသားစုဝင်များက (သုတ/ရသ)ဓမ္မစာအုပ်များနှင့် စာအုပ်စင်များ ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများက လှူဒါန်းရရှိသော (သုတ/ရသ)ဓမ္မစာအုပ်များအား လေ့လာကြည့်ရှုကြသည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကနှင့် အဖွဲ့ဝင်များ၊ မြိုန့ယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်မနှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

သက်နောင်ဦး(ငါန်းဇွန်)