မလှိုင်မြို့နယ် ဆည်ခွဲကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းပွဲနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆည်တိုကျေးရွာအုပ်စု၊ ဆည်ခွဲကျေးရွာ ရွှေတောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။