သနပ်ပင် ဇွန် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်နှင်းဖြိုးက ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှ သင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင် များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာ၊ ပန်ကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာဆီများ၊ ရေချိုးဆပ်ပြာဆီနှင့် ခေါင်းလျော်ရည်၊ Hand Spray လက်ဆေးဆပ်ပြာ ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းနည်းပြဆရာ စိုင်းမင်းပိုင်က (အခမဲ့)သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားလျက် ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)