မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

မိုင်းရယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသည့် ကျောင်းသား/  သူများကို ယနေ့နံနက် ၁၀ နာရီမှ စ၍ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံထားခြင်းမရှိသည့် KG တန်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြပြီး ဦးတည်အုပ်စုများကို ကာကွယ်ဆေးရရှိမှုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)