ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကျင်းပ

ဒေးဒရဲ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာမူလတန်းကျောင်း များက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေး၊ နှုတ်မှုစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်များ တိုးတက်စေရေးတို့အတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကို မောင်ရင်အေး (ပတ္တမြားမြေ) ရေးသားသည့် အာဇာနည်နေ့ တို့မမေ့ကဗျာနှင့် ကဗျာဆရာ မင်းရွှေမိုး ရေးသားသည့် အာဇာနည်နေ့ ကဗျာများဖြင့် ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ရုံးက ခင်းကျင်း ပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး နံရံကပ် စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း