သိန္နီ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့်ဈေးတန်းရပ်များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများနေ့စဉ် အသုံးပြုလျက်ရှိသော စားသုံးဆီများအား ရောင်းချရာတွင် မြန်မာစာ ကုန်ညွှန်းအမှတ်အသားပါရှိမှု၊ ကျန်းမာရေး ထောက်ခံချက်ပါရှိမှု၊ ထုတ်လုပ်မှု လိုင်စင်အမှတ်ပါရှိမှု၊ FDA လက်မှတ် ပါရှိမှုအခြေအနေ စစ်ဆေးခြင်းများကို သိန္နီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများက ကွင်းဆင်းခြင်းဖြစ်သည်။ ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရခြင်းမှာ စားသောက် ကုန်များအန္တရာယ် ကင်းရှင်းစေရေးနှင့် ပြည်သူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေး တို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)