သရက်ချောင်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
"e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့" ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ တာဝန်ယူဆောင်ရွက်သည့် နိုင်ငံသား ကိုယ်ရေးအချက်အလက် မှန်ကန်စေရေးနှင့် e-Government အကောင်အထည် ဖော်နိုင်ရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။