ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်‌ရှိ ချမ်းအေးသာစံလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပိုင်ကျုံ   ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် မြို့သာယာလှပ‌လာ‌ရေးအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၁၉.၈၃၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်()ရပ်ကွက်ရှိ ချမ်းအေးသာစံလမ်းကို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၇ ရက်နေ့က စတင်အကောင်အထည်ဖော်‌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့ ဆက်သွယ်ထားသည့်‌ မြေသားလမ်းဖြစ်ပြီး အရှည်(၅၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်သည့်စံချိန် စံညွန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပလာမည့်အပြင် ဒေသနေပြည်သူများအနေဖြင့် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)