ချောင်းဆုံ ဇူလိုင် ၁၈
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပြည်သူများဒေသတွင်း ဝမ်းစာစပါးဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးရန် တွက်ကုန်များပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ ယနေ့အထိ မိုးစပါး ဧက (၅၃၂၄၀) ဧကစိုက်ပျိုးပြီးဖြစ်၍ (၈၁.၆၀) ရာခိုင်းနှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုလျာထားချက် ပြည့်မီကျော်လွန်စေရေး၊ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုး၍အထွက်နှုန်းတိုးများစေရေးအတွက် စိုက်နည်းစနစ်၊ သဘာဝမြေဩဇာသုံးစွဲမှုစနစ် မှန်ကန်စေရေးတို့အတွက် တောင်သူများအား ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့အထိ စိုက်ပျိုးရန် မြေပြင်ပြီးစီးမှု (၆၁၉၄၆) ဧက၊ ပျိုးထောင်ပြီး (၄၄၁၂) ဧကနှင့်စိုက်ပျိုး ပြီးစီးမှု (၅၃၂၄၀) ဧကရှိပြီးဖြစ်ကြောင်း တောင်သူများအချိန်မီ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)