ဖျာပုံမြို့ ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် လူငယ်အသိပညာပေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနှင့် ကျောင်းသား၊ ကျောင်းသူများကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်ကျုံကူကျေးရွာ အ.လ.က (ခွဲ)(ကျုံကူတူးမြောင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ အာဇာနည်နေ့ အသိပညာပေး Talk Show ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီက ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ပန်းတနော်မြို့နယ်တွင် ဝက်မွေးမြူခြင်းလုပ်ငန်း ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ထူထက်ဟန် ကုမ္ပဏီလီမိတက်၏ ဝက်မွေးမြူခြင်းလုပ်ငန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာအတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ Meeting Room ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်း အ-ထ-က(၁)၌ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ဇူလိုင်လ ၁၈ ရက်နေ့ တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးသည်။

ကြည့်မြင်တိုင်မြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍  (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့သည်။

ထီးချိုင့်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCenter)ခန်းမတွင် ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင်အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသိ ပညာပေး (Talk Show) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သရက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက် သရက် ဇူလိုင် ၁၈ ဇော်ထက် (သရက်)

တပ်ကုန်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

မှော်ဘီမြို့နယ်၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ စာစီစာကုံးနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆေးရာင်ခြယ်၊ ပန်းချီ၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to