သရက်ချောင်း ဇူလိုင် ၁၈
"e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့" ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ တာဝန်ယူဆောင်ရွက်သည့် နိုင်ငံသား ကိုယ်ရေးအချက်အလက် မှန်ကန်စေရေးနှင့် e-Government အကောင်အထည် ဖော်နိုင်ရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Unique ID ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဦးလွင်ဦးက မိမိဌာနအနေဖြင့် UID(Unique Identity) လက်မှတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုလုပ်ငန်းတွင် ကွန်ပျူတာမှမတူညီတဲ့ ဂဏန်း (၁၀) လုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ UIDကဒ် ဘယ်လိုအသုံးပြုမလဲဆိုရင် နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ အသက် (၁၀) နှစ်ပြည့်ပြီးသူတိုင်းကို နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံသားအမြဲနေထိုင်သူ၊ အိမ်ယာမဲ့နေထိုင်သူ၊ ပြည်တွင်းမှာ နေထိုင်သူများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီး၍ နောင်အချိန်ကျလျှင် Smart Cardရော UID ကဒ်တွေထုတ်ပေးမည်ဖြစ်ဖြစ်ကြောင်း၊ UID ကဒ် ပြုလုပ်ရာတွင် နိုင်ငံသား စိစစ်ရေးကဒ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာအချက်အလက်များကို ကိုယ်တိုင်လျှောက်လွှာမှာ ဖြည့်သွင်းရမည် ဖြစ်ကြောင်း၊ IDကဒ်ပြုလုပ်ရာတွင် မျက်လုံး Scanဖတ်ခြင်း၊ လက် (၁၀) ချောင်း scan ဖတ်ပြီး ဆိုရင် ဂဏန်း (၁၀) လုံးပါတဲ့ UIDနံပါတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကဒ်ပြားပြုလုပ်ရခြင်း အကျိုးကျေးဇူးတွေက နိုင်ငံအတွင်းကျင့်သုံးနေတဲ့ e-Governmentနှင့် တွဲဖက်အသုံးပြုနိုင်ရေး အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ် အကိုင်သက်သေခံကတ်၊ ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ လျှောက်ထားနိုင်ရန်အတွက် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ယခုပထမအဆင့်အနေဖြင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်တစ်ဆင့်တွင် ကျောင်းသား/ သူများနှင့် ပြည်သူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလွင်ဦးကပြောသည်။
ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမို လွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန် အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်