မိုးညှင်း ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဟဲလုံခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဟဲလုံခေတ်မီစံပြကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကုန်ထုတ်လမ်း တံတားလုပ်ငန်းများနှင့် ကျေးရွာတွင်းလမ်း တံတားများအား အဆင့်မြင့်တင်ခြင်းလုပ်ငန်းများကို အလျဉ်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)