မိတ္ထီလာမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က လှည်းပွဲကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။