အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

အုတ်တွင်း ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကိုယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် အထက(ခွဲ) ဘန့်ဘွေးကုန်း၌ ကျင်းပသည်။

ဦးစွာလူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ) ဘန့်ဘွေးကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား  ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊ လူငယ်များအချင်းချင်းရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်  ရည်ရွယ်၍လူငယ်စကားဝိုင်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား ကျောင်းသူခြောက်ဦးက လူငယ်နှင့်ခေါင်းဆောင်ကောင်း၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့်  ကျောင်းသား ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့် အချက်များကို  မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)