ဗဟန်းမြို့နယ်တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆ )နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယ​နေ့၊ နံနက် ၉ နာရီ က ဗဟန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာတွင် “နယူးဧရာမျိုးစပါး”ပျိုးထောင်ထားရှိမှုနှင့် နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ပုလဲနှင့်ကွန်ပေါင်း ဓာတ်မြေဩဇာများပံ့ပိုးပေးနေမှုကို လာရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် ယနေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၊ သဲကုန်းကွင်းအမှတ် (၁၀၀၀/က) သို့ရောက်ရှိလာပြီး တောင်သူဦးဝင်းဗိုလ် လုပ်ကိုင်ခွင့်ရရှိထားသော ဦးပိုင်အမှတ် (၁၇/က)၊ လယ်မြေ(၆)ဧကအား မိုးစပါးစိုက်ပျိုးရန် “နယူးဧရာမျိုးစပါး”များ ပျိုးထောင်ထားမှုကို အားပေးကြည့်ရှုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဉီးစီးမှူး ဦးကျော်သိန်းထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဗန်းမောက်မြို့၌ Book Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ Book Club နှင့်ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသည့် "မပျက်စီးအောင်ဒါတွေရှောင်" စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂း၀၀)အချိန်က ဆောင်ရွက်ခဲ့သည်။

ချောင်းသာမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်း ၅ ကျောင်းသို့ Mask များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပေါ်ရှိ လေးစုရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ မှန်တန်း အခြေခံပညာ အလယ်တန်းကျောင်း၊ နဂါးရပ်အခြေခံ မူလတန်းလွန်ကျောင်းနှင့် ပြဿဒ်ကြီးရပ် အခြေခံ မူလတန်းကျောင်းများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ(အရှေ့)ရပ်ကွက်၊ ၂၄ လမ်း၊ ၈၀/၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်၊ ဆင်ချောင်းရွာ ပြည်သူများထံသို့ ဆန်များ ဈေးနှုန်းချိုသာစွာရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာ အုပ်စု၊ ဆင်ချောင်းကျေးရွာတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံသားကောင်းရတနာများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to