ရွှေဘိုမြို့တွင် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

​ရွှေဘို   ဇူလိုင် ၂၀

လူငယ်​မောင်မယ်​လေးများ အသိဉာဏ်ပညာ ဗသုတနှင့်ပြည့်စုံပြီး လူတော်‌လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်​ဆုချီးမြှင့်ပွဲကို ယ​နေ့မွန်းလွဲပိုင်းက အ.မ.က(၁၁) ​ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်​အေးမြမွန်က လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး​ ဒေါ်ခိုင်ဇင်က လူငယ်နှင့် စာဖတ်ခြင်း​ ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့​ကြောင်းသိရသည်။

ထို့​နောက် (၇၆)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ကျောင်းအုပ်ဆရာကြီးနှင့် လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်အေးမြမွန်၊ ဒုတိယဦးစီးမှူး ​ဒေါ်ခိုင်ဇင်တို့က ဆုတံဆိပ်နှင့် လက်​ဆောင်ပစ္စည်းများ​ ပေးအပ်ရာ ဆုရရှိသည့်​ ကျောင်းသူ​လေးများက လက်ခံရယူခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်