ထန်းတပင်မြို့နယ်၌ ကျေးရွာမတည်စီမံကိန်းဖြင့် ကျေးရွာ(၆)ရွာတို့တွင် စတုတ္ထအကြိမ်မြောက် စီမံကိန်းရန်ပုံငွေများပြန်လည်ထုတ်ချေးပေး

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ(၁၈)ရက်နေ့က ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်အတွက် ကျေးရွာမတည်စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၆)ရွာတို့တွင် စတုတ္ထအကြိမ်အမြောက်အဖြစ် စီမံကိန်းရန်ပုံငွေများကို တာဝန်ရှိသူများက ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင်လည်း ပန်သပွတ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်နှင့်အသက်မွေးဆောင်ရွက်သူ(၁၀၂)ဦးတို့ကို စီမံကိန်းရန်ပုံငွေ (၃၆.၃၀)သန်း၊ ကျော်ဇောကုန်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ် နှင့်အသက်မွေးဆောင်ရွက်သူ(၁၂၇)ဦးတို့ကို စီမံကိန်းရန်ပုံငွေ (၃၆.၀၀)သန်း၊ ညောင်လေးပင် ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်အဝယ်ဆောင်ရွက်သူ(၁၅၇)ဦးတို့ကို စီမံကိန်းရန်ပုံငွေကျပ်(၃၅.၅၀)သန်း၊ အောက်ဓာတ်တော်ကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်နှင့်အသက်မွေးဆောင်ရွက်သူ(၈၉)ဦးတို့ကို စီမံကိန်းရန်ပုံငွေ(၃၆.၄၀)သန်း၊ မင်္ဂလာကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်အဝယ်နှင့်အသက်မွေးဝမ်းကြောင်းဆောင်ရွက်သူ(၈၆)ဦးတို့ကို စီမံကိန်းရန်ပုံငွေကျပ်(၂၃.၄၀)သန်းနှင့် ညောင်ပင်အင်းကျေးရွာတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်ဆောင်ရွက်သူ(၂၅)ဦးတို့ကို စီမံကိန်းရန်ပုံငွေကျပ်(၁၁.၇၀)သန်းတို့ကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းထုတ်ချေးဆောင်ရွက်မှုများကိုလည်း မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့်တာဝန်ခံဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ချေးငွေနှင့်လုပ်ငန်းများဆောင်ရွက်မှုတို့ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။

 ဇင်မင်းထိုက်(ထန်းတပင်)