ဖျာပုံမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သွင်းအားစုနှင့် သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစု (ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်း (၁၅:၁၅:၁၅) နှင့် သဘာဝမြေဩဇာများ) ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ် (၁၂)ရပ်ကွက် သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု (ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်း (၁၅:၁၅:၁၅)နှင့် သဘာဝမြေဩဇာများ) ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နိုင်ငံ့ စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု‌ ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု‌ ကော်မတီဝင်များ၊ တောင်သူလယ်သမားများနှင့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအ‌ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ် မှု‌ကော်မတီဥက္ကဋ္ဌ) ဦးတင်လင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ် ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဖျာပုံမြို့နယ် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ ခေါင်းဆောင် ဦးအုန်းဟန်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်း‌ကျေးရွာ‌ တောင်သူ ဦးသန်းစိုးမှ တက်ရောက်သူများ ကိုယ်စား‌ ကျေးဇူးတင်စကား‌ ပြောကြားသည်။ ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု ဓာတ်မြေဩဇာများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တောင်သူများ၏ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် (၁၇၉၄၅) ဧကအတွက် တစ်ဧကလျှင်ငွေကျပ် (၂)သိန်းဖိုး နှင့် ညီမျှသော ယူရီးယားဓာတ်မြေသြဇာ (၁)အိတ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅)(၁)အိတ်နှင့် သဘာဝမြေသြဇာ(၁)အိတ်ပေးအပ်မှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)