သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

သံတွဲ ဇူလိုင် ၁၉

မိုးဦးကျ မိုးရာသီအချိန်တွင် ခြင်များပေါက်ဖွားကာ ခြင်ပေါများသည့် ကာလဖြစ်သလို သွေးလွန်တုပ်ကွေး ငှက်ဖျားဖြစ်တတ်သည့် ရာသီဥတုဖြစ်သောကြောင့် သံတွဲမြို့ရှိ ဒွါရာဝတီ မြို့မဈေးကြီး အတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများ ခြင်အန္တရာယ်ကင်းဝေးစေရန် မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဈေးကြီးအတွင်း နေရာအနှံ ဆေးဖြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးအောင်