သိန္နီမြို့‌ရွှေဘုန်းပွင့်စေတီတော်မြတ် ဓမ္မာရုံတော်၌ (၁၉) ကြိမ်မြောက် တစ်မြို့နယ်လုံး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

သိန္နီ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော် မြတ်ဓမ္မာရုံတော်၌ (၁၉)ကြိမ်မြောက် တစ်မြို့နယ်လုံး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်း ၈ နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြိုနယ် သံဃနာယက အကျိုးဆောင်ဆရာတော်ချောင်းသာမဇ္ဇျိမ နန္ဒဓဇဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပြီး ဝါဆို သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများကို အလှူရှင်များမှကျောင်းအလိုက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများမှ အနုမောဒနာ တရားဟောကြားကာရေစက်သွန်ချအမျှပေးဝေခြင်း၊ သံဃာတော်များကို ရှိခိုးကန် တော့ခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ် ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း​ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ သို့အမှတ် (၁၆)တပ်မဟာ ဗိုလ်မှူးချူပ် သောဇင်ဦး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မိသားစုဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)