သရက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်းပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဇူလိုင်လ(၂၂)ရက် နံနက်(၁၀:၃၀)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းနေအရွယ်မှစ၍ စည်းကမ်းရှိရှိ ပြုမူနေထိုင်တတ်ပြီး ပညာကို ကြိုးစားသင်ယူတက်စေရေန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများ ဖြစ်မှသာ မိမိရပ်ရွာ၊ နိုင်ငံတော်အတွက် အကျိုးရှိမှာဖြစ်၍ စာပေဖတ်ရှုသည့် အလေ့အထကောင်များကို လေ့ကျင့်ပြီး စာဖတ်ကြရန်နှင့် အားကစားစိတ်ဓါတ်ကောင်းများ မွေးမြူပြီး ကျန်းမာသန်စွမ်းအောင် လေ့ကျင်ကြရန် ပြောကြားပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်က ကျေးဇူးတင်စကား ပြန်လည်ပြေကြားပေးခဲ့သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည် ပြည်ဆိုင်ရာ မူယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)