ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း “တော်ဝင်(၂)ဆန်စက်”တွင် ဆန်စပါးကြိတ်ခွဲမှု အခြေအနေများကို ကြည့်ရှုအားပေး

ဝါးခယ်မ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က “တော်ဝင်(၂)ဆန်စက်”တွင် ဆန်စပါးကြိတ်ခွဲမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးကျေးရွာရှိ (ပိုင်ရှင်) ဦးသန်းဦး၏ “တော်ဝင်(၂)ဆန်စက်”သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ရောက်ရှိ၍ ဆန်စပါးကြိတ်ခွဲမှု အခြေအနေများကို ကြည့်ရှုအားပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ၎င်းဆန်စက်ပိုင်ရှင် ဦးသန်းဦးတို့က ဆန်စပါးကြိတ်ခွဲပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)