မောက်မယ်မြို့နယ်၌ ရာသီစာမန်ကျည်းသီးနုခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ များနှင့်ရပ်ကွက်များတွင် ရှေးယခင်က အလေ့ကျပေါက်သောအပင်များနှင့် ဘိုးဘေးဘီဘင်များစိုက်ပျိုးခဲ့သော မန်ကျည်းပင်များသည် ယနေ့သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်းဖြစ်ပြီး ရာသီပေါ် မန်ကျည်းသီးနုများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း မန်ကျည်းသီးနုခူးဆွတ်ရောင်းချသူများထံမှ သိရသည်။