ပေါက်ခေါင်းမြို့နယ် ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့မှ အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ဇူလိုင် ၂၁ ရက်နေ့က ညောင်ကုန်းကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ညောင်ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။