သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေ

သရက် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ဈေးကော်မတီဝင်များက ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာ ယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ၊ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အသုံးပြုမှု လျော့ချရေး အသိပညာပေးပြောကြားကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်လျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။    

ဇော်ထက်(သရက်)