မိုင်းတုံ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ ပိန်မုန်းကျေးရွာနှင့် ဝမ်ပုန်ကျေးရွာသို့ ပန်ခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ဇူလိုင် (၂၂) ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.ကမှူး ဦးကျာကောတိ ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ကျေးရွာများအလိုက် ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေးစာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွရည်ရွယ်၍ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ကျေးရွာနေ ပြည်သူတိုင်း နိုင်ငံသားကတ်များရရှိစေလိုခြင်းဖြင့် ပြုလုပ်ပေးခြင်းဖြစ်ရာမိုင်တုံအုပ်စု ပိန်မုန်းကျေးရွာနှင့် ဝပ်ပုန်ကျေးရွာတွင် ရောက်ရှိပြီး ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ထုတ်ပေး ခြင်းတို့ကို ပန်းခင်းစီမံချက်-၂ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
မိုင်းတုံအုပ်စုတွင် ကျေးရွာ(၂)ရွာဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိသောကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းထံမှ သိရသည်။
မျိုးကျော်စိုး မိုင်းတုံ(ပြန်/ ဆက်)